Skip to main content
Back to Abstracts

Research

Paper 11

Student Conference on Religion and Peace
Saturday, 29 August 2026

Paper 11

ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများ၏ ကလေးသူငယ်များအပေါ် အကျိုးသက်ရောက်မှုကို ဗုဒ္ဓဝါဒရှုထောင့်မှ လေ့လာခြင်း

ဗုဒ္ဓဘာသာသည် မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုအခြေခံအုတ်မြစ်ဖြစ်ပြီး လူမှုဆိုင်ရာ ကျင့်ဝတ်များနှင့်စာရိတ္တဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ တစ်ရပ်အနေဖြင့် ပါဝင်နေပါသည်။ ယနေ့ခေတ်တွင် ရုပ်ဝတ္ထုများ တိုးတက်လာခြင်း၊ ယဉ်ကျေးမှုများ ရောယှက် လာခြင်း၊ မြန်မာရိုးရာ ယဉ်ကျေးမှု အယူအဆများ ပြောင်းလဲ လာခြင်း၊ ဘာသာရေး စိတ်ဝင် စားမှု လျော့နည်းလာခြင်း၊ ဘာသာရေးဗဟုသုတ အသိများ နည်းပါးလာခြင်းတို့ကို တွေ့မြင်နေရပါသည်။ အချို့ အရွယ်ရောက်ပြီးသော လူငယ်လေးများသည် ရဟန်းသံဃာ တော်များနှင့် ပြောဆိုဆက်ဆံ တတ်မှုမရှိခြင်း၊ ဗုဒ္ဓဘာသာ၏ အခြေခံဖြစ်သော သရဏဂုံသုံးပါး၊ ငါးပါး သီလကို မသိခြင်း စသည်တို့ကို ဝမ်းနည်းစရာအဖြစ် မြင်တွေ့ရပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းများ ဖွင့်လှစ်၍ ကလေးသူငယ်များကို ဘာသာရေး အခြေခံအသိနှင့် စာရိတ္တပိုင်း ဆိုင်ရာကျင့်ထုံး၊ ယဉ်ကျေးမှုဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားပေးခဲ့ကြပါသည်။ ဤသုတေသနသည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ယဉ်ကျေးလိမ္မာ သင်တန်း ဌာန(၅)ခု၏ ယဉ်ကျေး လိမ္မာသင်တန်းများ၏ ကလေးသူငယ်များ အပေါ် အကျိုးသက် ရောက်မှုကို လေ့လာဆန်းစစ် ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ယဉ်ကျေး လိမ္မာသင်တန်းများ၏ ကလေးများအပေါ် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို ယဉ်ကျေးလာမှုနှင့် စာရိတ္တပိုင်းဆိုင်ရာ တိုးမြှင့်ပေးမှုဟူသည့် တန်ဖိုးများကို သိရှိနိုင်မည် ဖြစ်သည်။ ကလေးသူငယ်များသည် နိုင်ငံ တစ်နိုင်ငံ၏ အနာဂတ်အလင်း အဖြစ်ဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်း၏ တန်ဖိုးများ၊ ယဉ်ကျေးမှု များ၊နှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းမည့် မျိုးဆက်သစ်များလည်း ဖြစ်ကြသည်။ ထို့ကြောင့် ကလေး သူငယ်များ၏ ဖွံ့ဖြိုးတိုးတက် ရေးကို ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ သာမက ကိုယ်ကျင့် တရား၊ လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအထိ အလေးထား ဆောင်ရွက် ရန် လိုအပ်ပါသည်။

Read Full Paper