Paper 09
သတိပဋ္ဌာန်နည်းဖြင့် စိတ်ကျန်းမာရေး ရောဂါသောကကို ဖြေလျော့ခြင်း နည်းလမ်းကို လေ့လာခြင်း
ဤစာတမ်းတွင် နေ့စဉ်ဘဝ၌ ကြုံတွေ့နေရသော စိတ်ပူပန်ခြင်း သောကတရားကို မြတ်ဗုဒ္ဓ၏ မဟာသတိပဋ္ဌာနသုတ်တရားတော်အား အခြေခံ၍ သတိပဋ္ဌာန်နည်းဖြင့် သောက ဖြေလျော့နည်းကို လေ့လာထားခြင်း ဖြစ်ပါသည်။ ဤစာတမ်းအား ပိဋကတ်တော်၌ ဆက်စပ်ရာသုတ်များဖြစ်သော သလ္လသုတ်, ဌာနသုတ်, မဟာပရိနိဗ္ဗာနသုတ် အစရှိသည်တို့ကို အခြေခံကာ ကြိုတင်ကာကွယ်သည့် နည်းလမ်းများကို အဓိကထား လေ့လာ တင်ပြထားခြင်း ဖြစ်ပါသည်။ မဟာသတိပဋ္ဌာနသုတ်တော်၌ လာသော ဖြေလျော့နည်းနှင့် ပိဋကတ်စာပေလာ အကြောင်းအရာများ၊ နေ့စဉ်ဘဝ၌ တွေ့ကြုံနေရသော အဖြစ်အပျက်များနှင့် ယှဉ်တွဲကာ လက်တွေ့ဘဝ၌ အသုံးချနိုင်ရန် နှိုုင်းယှဉ်တင်ပြထားပါသည်။ ထို့အပြင် စာတမ်း၏ အဓိက ရည်ရွယ်ချက်မှာ နေ့စဉ်ဘဝ၌ တွေ့ကြုံနေရသော သောကကို မဟာသတိပဋ္ဌာနသုတ်တော်လာ နည်းလမ်းဖြင့် လက်တွေ့အသုံးချ၍ ဖြေလျော့နည်းကို သိရှိနိုင်ရန် ရည်ရွယ်ပါသည်။ သောက ကင်းခြင်းကြောင့် လက်တွေ့ဘဝ၌ မည်သို့ အကျိုးများသည်ကိုလည်း လေ့လာ တင်ပြထားပါသည်။
Keywords: ။ သောကဖြေလျော့နည်း၊ သတိပဋ္ဌာန်၊ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ လက်တွေ့အသုံးချ။