Skip to main content
Back to Abstracts

Research

Paper 06

2nd International Conference on Religion and Peace
Sunday, 30 August 2026

Paper 06

ပိဋကတ်တော်လာ ဧဟိဘိက္ခုနီပြဿနာ

မြတ်ဗုဒ္ဓသည် ပါရမီရှင် အမျိုးသားတို့အား "ဧဟိဘိက္ခု"ခေါ်တော်မူ၍ ရဟန်းအဖြစ်ကို ချီးမြှောက်တော်မူ၏။ ပါစိတ္တိယပါဠိတော် ဘိက္ခုနီဝိဘင်းပဒဘာဇနီ၌ ဘိက္ခုနီ အမျိုးအစား ၁၂-မျိုးကို ရေတွက်ပြရာတွင် "ဧဟိဘိက္ခုနီ"ကို ထည့်သွင်းရေတွက်ပြထား၏။ သို့ဖြစ်၍ အမျိုးသားများနှင့်တန်းတူ ပါရမီရှင်အမျိုးသမီးတို့လည်း ဧဟိဘိက္ခုနီရဟန်းမအဖြစ် ကို ရနိုင်ပါသလားဟု မေးခွန်းထုတ်စရာရှိ၏။ ထိုအမေးကို ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်း တို့ကို အကိုးအကားပြု၍ ဆွေးနွေးတင်ပြထားပါသည်။

Keywords: ဧဟိဘိက္ခု၊ ဧဟိဘိက္ခုနီ၊ မိထွေးတော်ဂေါတမီ၊ ဘိက္ခုနီသာသနာ၊ ဋီကာကျော်ပါဌ်၊ ရှင်အာနန္ဒာ၊ ရှင်မဟာကဿပ၊ ဘဒ္ဒကပိလာနီ၊ သာကီဝင်မင်းသမီး- ၅၀၀။

Read Full Paper