ဘာသာတရားနှင့် ငြိမ်းချမ်းရေး အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ
ကမ္ဘာ့ငြိမ်းချမ်ရေးတက္ကသိုလ်အနေဖြင့် “လက်တွေ့ဘဝအသုံးချ ဗုဒ္ဓဘာသာ – ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ဖော်ဆောင်ခြင်း” ခေါင်းစဥ်ဖြင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကျင့်သုံးလျက်ရှိသော ဗုဒ္ဓတရားတော်လာ သီအိုရီများ၊ နည်းလမ်းများနှင့် ပတ်သက်သော ပညာရေးဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့်တင်ရန် ရည်သန်၍ ပညာရှင်များ၊ သုတေသီများနှင့် ကျောင်းသားကျောင်းသူများထံမှ စာတမ်းများ၊ workshops များနှင့် အဖွဲ့လိုက်ဆွေးနွေးပွဲများအတွက် အဆိုပြုလွှာများကို တင်သွင်းရန် နွေးထွေးစွာ ဖိတ်ခေါ်ပါသည်။
ဗုဒ္ဓ၏ အဆုံးအမ တရားတော်များနှင့် ယနေ့ခေတ် ငြိမ်းချမ်းရေးပညာကို ပေါင်းကူးချိတ်ဆက်၍ ငြိမ်းချမ်းရေး၏ ပိုမိုပြီးပြည့်စုံသော အဓိပ္ပါယ်ကို အတူတကွ ရှာဖွေဖော်ထုတ်ရန်အတွက် ဖိတ်ခေါ်လိုက်ပါသည်။
လေးစားစွာဖြင့်
စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးကော်မတီ
ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်


