ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်တွင် သီတင်းကျွတ်အခါသမယ၌ ပါမောက္ခချုပ်ဆရာတော်ကြီးအား တပည့်သံဃာတော်များမှ သီတင်းကျွတ်အခါသမယကန်တော့ကြခြင်း အစီစဉ်ပြုလုပ်ခဲ့ကြပါသည်။
ကန်တော့ကြခြင်းအစီစဉ်တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဩဝါဒစကား မိန့်ကြားရာ၌ ပညာရေး၏ အရေးပါမှုကို အထူးအလေးပေး မိန့်ကြားတော်မူခဲ့ပါသည်။
“ပညာသင်ယူခြင်းကို မရပ်တန့်ဘဲ အစဉ်မပြတ် လေ့လာသင်ယူကာ မိမိတို့၏ အသိပညာနှင့် အတတ်ပညာများကို အမြဲဖြည့်ဆည်းနေကြရန်၊ ပညာရေးနှင့်ပတ်သက်၍ မိမိတို့ ပြည့်စုံလုံလောက်ပြီဟု ယူဆကာ သင်ယူမှုကို ရပ်တန့်မထားကြရန် ဩဝါဒပေးတော်မူခဲ့ပါသည်။
ထို့ပြင် မိမိတို့ ဆည်းပူးတတ်မြောက်ထားသည့် ပညာများကို ကိုယ်ကျိုးအတွက်သာမက လူ့အဖွဲ့အစည်းနှင့် လောကဝန်းကျင်အကျိုးအတွက် ပြန်လည်အသုံးချကာ ကျေးဇူးပြုကြရန်လည်း မိန့်ကြားတော်မူခဲ့ပါသည်။”
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဩဝါဒသည် ပညာကို အစဉ်မပြတ် ဆည်းပူးလေ့လာရန်နှင့် ရရှိထားသည့် ပညာဖြင့် လူ့အဖွဲ့အစည်းအကျိုးကို သယ်ပိုးဆောင်ရွက်ရန် လမ်းညွှန်ပေးသည့် တန်ဖိုးရှိသော ဩဝါဒတစ်ရပ် ဖြစ်ပါသည်။
🙏 ဆရာတော်ဘုရား သက်ရှည်ကျန်းမာတော်မူ၍ သာသနာတော်အတွက် ယခုထက်မက ပိုမိုအကျိုးပြု သာသနာပြုနိုင်ပါစေကြောင်း တပည့်သံဃာတော်များမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်
ပုသိမ်ကြီးမြို့နယ်၊မန္တလေး။
ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီးအား သီတင်းကျွတ်အခါသမယကန်တော့ကြခြင်း အစီစဉ်ပြုလုပ်