ယနေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဦးဆောင်သော ပါမောက္ခ ဆရာတော်များ၊ ကထိက ဆရာတော်များနှင့် MA စသောကျောင်းသား သံဃာတော်များသည် (၉) ကြိမ်မြောက် ဝါဆိုဝါကပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားတွင် –
– ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးထံမှ ဩဝါဒကထာများ နာယူကြည်ညိုခြင်း၊
– သံဃာတော်များ ဝါစဉ်အလိုက် ဝါဆိုခြင်းနှင့် နိဿရည်းယူခြင်း၊
– ဝါဆိုပန်းများ လှူဒါန်းကြသည့် ဒါယကာ၊ ဒါယိကာမများအား အနုမောဒနာတရား ချီးမြှင့်၍ ရေစက်သွန်းချ အမျှဝေခြင်း စသည့် အစီအစဉ်များကို ပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနား ပြီးမြောက်သည့်နောက်တွင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးက တပည့်သံဃာတော်များအား သင်္ကန်းများ၊ သီလရှင်ဆရာလေးများအား သီလရှင်ဝတ်စုံများ၊ ပါမောက္ခ ဆရာကြီး/ဆရာမကြီးများအားလည်း အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်၏ ဝါဆိုဝါကပ်ပွဲသည် ယခုနှစ်တွင် (၉) ကြိမ်မြောက် ရှိပြီဖြစ်ပြီး သံဃာတော် စုစုပေါင်း (၉၄) ပါး ဝါဆိုဝါကပ်တော်မူကြပါသည်။
#ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်
ရန်ကင်းတောင်ခြေ၊ပုသိမ်ကြီးမြိုနယ်၊မန္တလေး။