၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် Freshers’ Welcome Ceremony အခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို ဒုတိယပါမောက္ခဆရာတော်၊ ပါမောက္ခဆရာတော်များ၊ ပါမောက္ခဆရာကြီး/ဆရာမကြီးများ၊ ကထိကများနှင့် ကျောင်းသားဟောင်း/ကျောင်းသားသစ်များ တက်ရောက်ခဲ့ကြပြီး ကျောင်းသားသစ်များအား နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။
ထိုပြင် အခမ်းအနားအတွင်း ဒုတိယပါမောက္ခဆရာတော်မှ ပါမောက္ခများ၊ ဌာနမှူးများနှင့် ကထိကများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားပြီးဆုံးသည့်နောက်တွင် တက်ရောက်လာသူများအား ကော်ဖီ၊ မုန့်များဖြင့် ဧည့်ခံခဲ့ပါသည်။
ယခုကဲ့သို ကျောင်းသားသစ်များအား ကြိုဆိုရခြင်းသည် ပညာရေးခရီးလမ်းသစ်တစ်ခု၏ အစဖြစ်ပြီး အသိပညာ၊ အရည်အချင်းနှင့် ငြိမ်းချမ်းရေးစိတ်ဓာတ်များ ဖွံဖြိုးတိုးတက်စေရန် တက္ကသိုလ်မှ အစဉ်အမြဲ ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်မှ ကျောင်းသားသစ်များအားလုံးကို နွေးထွေးစွာကြိုဆိုလျက် အောင်မြင်သော ပညာရေးခရီးလမ်းတစ်ခုကို လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။