Skip to main content

၂၀၂၆–၂၀၂၇ ပညာသင်နှစ် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ပါမောက္ခများနှင့် ကထိကများ လုပ်ငန်းညှိနှိင်းအစည်းအဝေး ကျင်းပ

၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဌာနစုံ ကဏ္ဍစုံ ပိုမိုဖွံဖြိုးတိုးတက်လာစေရန်နှင့် သင်ကြားရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပါမောက္ခများနှင့် ကထိကများ၏ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို တက္ကသိုလ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပါမောက္ခများနှင့် ကထိကများက မိမိတို ဘာသာရပ်အလိုက် လာမည့်ပညာသင်နှစ်အတွက် ပညာရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးအကြံပြုခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို ဌာနအသီးသီးမှ ပါမောက္ခဆရာ/ဆရာမများ၊ ကထိကများနှင့် တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။